Wednesday, December 4, 2013

အိုင်ဆွန် ကြယ်တံခွန် မြန်မာ နိုင်ငံ မြိ့ ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်း မည်


ကမ္ဘာနှင့် အနီးဆုံး ဆုံမှတ်သို့ ချဉ်းကပ် ရောက်ရှိ လာမည့် အိုင်ဆွန် ကြယ်တံ ခွန်ကို ရုရှား နိုင်ငံမှ သိပ္ပံ ပညာရှင် နှစ်ဦး စတင်ရှာ ဖွေ တွေ့ရှိ ခဲ့ကြသည်။ အိုင်ဆွန် ကြယ်တံ ခွန်သည် မြန်မာ နိုင်ငံရှိ မြို့ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်း သွားမည် ဖြစ်ပြီး စိတ်ဝင် စားသူများ အနေဖြင့် သာမန် မျက်စိ ဖြင့်ပင် လေ့လာ တွေ့ရှိ နိုင်မည်ဟု မြန်မာ နိုင်ငံ နက္ခတ် ပညာ ရှင်များ အသင်းမှ သိရသည်။

အိုင်ဆွန် ကြယ်တံခွန်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ဝန်းကျင်တွင် ကမ္ဘာနှင့် အနီး ဆုံးသို့ ချဉ်းကပ် ရောက်ရှိ လာမည် ဖြစ်သည်။ အဆိုပါ ကြယ်တံ ခွန်သည် မြန်မာ နိုင်ငံသို့ ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာ ၁၄ ရက် မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီတွင် မြိတ် မြို့မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ထားဝယ် မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၃ မိနစ်တွင် ရန်ကုန်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက် မြန်မာစံ တော်ချိန် နံနက် ၉ နာရီ ၅၇ မိနစ်တွင် မန္တလေး မြို့ပေါ်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မြန်မာ စံတော်ချိန် နံနက် ၉ နာရီ ၅၄ မိနစ်တွင် မြစ်ကြီးနား မြို့ပေါ်မှ လည်းကောင်း ဖြတ်သန်း သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံပေါ်မှ အိုင်ဆွန် ကြယ်တံခွန် ဖြတ်သန်း ချိန်တွင် ကြယ်တံခွန်သည် ပင်လယ်ရေ မြွေကြယ်စု (Serpens Caput) အတွင်း၌ ရွေ့လျား တည်ရှိ နေလိမ့် မည်ဟု သတင်း ရရှိ သည်။

''အိုင်ဆွန် ကြယ်တံခွန်က နေမင်း တည်ရှိရာ နေရာကို ဦးတည် သွားနေပြီး နိုဝင်ဘာ ၂၉ ရက် မြန်မာ စံတော်ချိန် နံနက် ၅ နာရီ ခွဲမှာ နေနဲ့ အနီးဆုံး ဆုံမှတ် ဖြစ်တဲ့ မိုင်ပေါင်း သန်းပေါင်း ၁၁ ဒသမ ၆ သန်း အကွာ အဝေး နေရာကို ရောက်ရှိ လာပါ လိမ့်မယ်။ ကြယ် တံခွန်ဟာ နေနဲ့ နီးလာ တာနဲ့ အမျှ ပေါက်ကွဲအား ပိုမို ပြင်းထန်ပြီး အလင်းရောင် ပိုမို ဖြာထွက် လာတာ ကိုလည်း တွေ့မြင် လေ့လာ နိုင်မှာပါ'' ဟု မြန်မာ နိုင်ငံ နက္ခတ် ပညာ ရှင်များ အသင်းမှ ဦး ဇေယျာကိုက ရှင်းပြခဲ့ သည်။

''အိုင်ဆွန် ကြယ်တံ ခွန်ကို နိုင်ငံ တကာ နက္ခတ် သိပ္ပံ ပညာ ရှင်တွေက လာမယ့် ၂ဝ၅ဝ ပြည့်နှစ် မှာမှ နောက်ထပ် တစ်ကြိမ် ပြန်တွေ့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကြယ်တံခွန် တွေကို ကမ္ဘာက တွေ့မြင် ရခြင်း အပေါ် တချို့ အယူသီး သူတွေက ကမ္ဘာ မှာ စစ်မက် ဖြစ်ပွား မှုတွေ၊ ကပ်ဆိုး ဘေးဆိုး ကျရောက်မှု တွေနဲ့ သဘာဝ ဘေးအန္တရာယ် တွေ ဖြစ်တတ် တယ်လို့ ယူဆ ပေမဲ့ နက္ခတ် သိပ္ပံ ပညာရှင်တွေ ကတော့ စကြဝဠာရဲ့ သဘာဝ တရား ဖြစ်တဲ့ အတွက် ကမ္ဘာကို ဆိုးကျိုး သက်ရောက်မှု မရှိ နိုင်ဘူးလို့ လက်ခံ ကြတယ်။

မြန်မာ့ သမိုင်း ကြောင်း မှာတော့ မှန်နန်း ရာဇဝင်၊ ကုန်းဘောင် ရာဇဝင် တွေမှာ ကြယ်တံ ခွန်နဲ့ ဥက္ကာပျံ တွေ ကြွေကျမှု၊ လကို ကြယ် ဖောက်မှု ဖြစ်စဉ် တွေက နန်းတွင်း ထူးခြား ဖြစ်စဉ် တွေနဲ့ ယှဉ်တွဲ နေတယ်လို့ မှတ်တမ်း ပြုစု ထားတာ ရှိပါ တယ်။ ၁၉၇ဝ ပြည့်နှစ်က မြန်မာ နိုင်ငံမှာ ဘင်းနက် (Bennett) ကြယ်တံ ခွန်ကို တွေ့မြင် ခဲ့ရပြီး စက်တင်ဘာလက ရန်ကုန်မှာ အင်အား ပြင်း ငလျင် တစ်ခု လှုပ်ခတ် ခဲ့တာ မှတ်တမ်း ရှိပါတယ်'' ဟု ဦး ဇေယျာကိုက ဆက်လက် ရှင်းပြ ခဲ့သည်။

မြ၀တီ

No comments:

Post a Comment