Thursday, December 5, 2013

ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ ပိုမို ကုန်ကျလျက်ရှိဟုဆို






မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။

““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ဖုန်းဘီလ်စစ်မယ် ဆိုရင်လည်း System Busy ဖြစ်နေတာ သုံး၊ လေးကြိမ် လောက် ပြန်ပြန်စစ်နေရပြီး နောက်ဆုံး error ဖြစ်ဖြစ်သွားကာ မြန်မာ့ဆက်သွယ်ရေးမှ ဖြတ် တာတွေ များပြီး ဘီလ်စနစ်ကလည်း ဖြတ်တာ ပုံမှန်မရှိဘူး””ဟု Red Link ကုမ္ပဏီမှ စာရင်းကိုင် တစ်ဦးဖြစ်သူ မ၀တ်ရည်က ပြောသည်။ …

အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Elite မှ အထွေထွေ မန်နေဂျာကို အောင်နေဇင်ဦးက ““၁ မိနစ် ၅၀ ဖြတ်တယ်ပေါ့နော်။ ဒါပေမဲ့ အတိ အကျ ဘယ်လောက်ဖြတ်လဲ သိချင်ရင်တော့ မြန်မာ့ဆက်သွယ်ရေးကို မေးမှရမယ်။ ကျွန်တော်တို့က ဘီလ်စနစ်တော့ မသိဘူး။ ဖြန့်ချိတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငွေဖြည့်ကတ်တွေကို သုံးစွဲသူတွေ error တက်နေတယ် သုံးစွဲလို့ မရဘူး။ ဖြည့်လို့မရဘူးလို့ ပြောနေတာ တွေရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က ဆက်သွယ်ရေးကို complain ပြန်တက်တယ် ပေါ့နော်။ ဖြည့်လို့ရရင် ရမယ်မရရင် ကျွန်တော်တို့ ကတစ်ဆင့် customer တွေကို ဆောင်ရွက်ပေးတာတွေ ရှိတယ်။ ဖုန်းဘီလ်နဲ့ ပတ်သက်လို့ ဘယ်လောက်ကျော်ရင် ဘယ်လောက် ဖြတ်တဲ့ detail တော့ မြန်မာ့ဆက်သွယ်ရေး MPT က ကျွန်တော်တို့ကို ပေးမထားပါဘူး”” ဟု ပြောသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်းခေါ်ဆို ခနှုန်းထားများကို ၂၀၁၀ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများကို၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တစ်မိနစ် ၅၀ကျပ်နှုန်းကို လျှော့ချပေးမည်ဖြစ်ကြောင်း တို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး သောင်းတင်ကသတင်း မီဒီယာများ ကို ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လမ်း ၃၀ Complain ဆက်သွယ် ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ““ကတ်ဖုန်း တွေအတွက်ကတော့ ၁ မိနစ်ကို ၅၀ ယူပါတယ်။ ၁ မိနစ်၊ ၁၀ စက္ကန့်ဆို ၁၀၀ ယူမယ်။ ၁ မိနစ် မပြည့်လည်း ၁ မိနစ်စာယူတယ်။ GSM ၂ ကျပ်၊ WCDMA ၊ CDMA ဆို ၄ ကျပ်ယူတယ်။ ဖုန်း ဘီလ်စစ်တဲ့ အခါမှာ System Busy ဖြစ်ဖြစ် နေတာကတော့ ဟန်းဆက် နဲ့လည်း ဆိုင်တယ်။ ဟန်းဆက်ကောင်းမှ ဆွဲအားကောင်းတာ။ ဘီလ်ဖြတ်တဲ့ အခါမှာ ဈေးနှုန်းမြင့် တက်တာတော့ မရှိသေးဘူး။ ပုံမှန်ပါပဲ။ ကျမယ်လို့တော့ ပြောထားတယ်။ ၂၅ ကျပ်လောက်တော့ မှန်းထားတယ်။ လောလော ဆယ် အတိအကျတော့ မထုတ်ပြန်သေးဘူး””ဟု ပြောသည်။

Ref & Credit: www.myanmarthandawsint.com

No comments:

Post a Comment