Monday, December 2, 2013

ဘောလုံးပွဲ လက်မှတ်မရသည့် ပရိသတ်များအတွက် LED ကားများဖြင့် တိုက်ရိုက် ပြသမည်






မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်မရသည့် သူများကို ကွင်းအနီးပတ်ဝန်းကျင်၌ LED တပ်ဆင်ထားသည့် ကားများဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်က ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည့် ဆီးဂိမ်း ဘောလုံးပွဲ လက်မှတ်များကိုကွင်းအတွင်းရှိ ထိုင်ခုံ အရေအတွက် အတိုင်း လက်မှတ် ၂၅၀၀၀ သာရောင်းချမည် ဖြစ်ရာ လက်မှတ် မရသည့် ပရိသတ်များ ဘောလုံးပွဲ မကြည့်ရခြင်း မရှိအောင် ကွင်းပတ်ဝန်းကျင်တွင် အဆိုပါကားများကို ထားရှိခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် မြို့ကြီးသုံး မြို့ရှိ ရှော့ပင်စင်တာများနှင့် LED ဘုတ်များ ရှိရာ နေရာများ အားလုံးတွင်လည်း တိုက်ရိုက်ပြသရန် စီစဉ်ထားသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က “ကျွန်တော်တို့က ဘောလုံးပွဲလက်မှတ်တွေကို ထိုင်ခုံအရေ အတွက်အတိုင်း ၂၅၀၀၀ ပဲ ရောင်းမှာပါ။
အဲ့ဒီမှာလည်း ကြိုတင် လက်မှတ်ရောင်းထားသလို ခွဲတမ်းအလိုက် နိုင်ငံခြားက လာအားပေးတဲ့ သူတွေအတွက်လည်း ရောင်းမှာပါ။ အဲ့ဒီတော့ ပွဲနေ့မှ လက်မှတ်ဝယ်ပြီး ကြည့်မယ် ပရိသတ်တွေထဲက လက်မှတ် မရတဲ့သူတွေ ရှိလာနိုင်ပါတယ်။ အဲ့လို ပရိသတ်တွေ အတွက် LED တပ်ဆင်ထားတဲ့ ကားတွေကို ကွင်းပတ်ဝန်းကျင်မှာ ထားပေးထားမယ် ပြီးတော့ ရှော့ပင်းစင်တာတွေ၊နဲ့ မြို့လယ်က LED ဘုတ်တွေ အားလုံးမှာ တိုက်ရိုက်ပြသမှာပါ။

ဒီအစီအစဉ်ကို ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ တစ်ပြိုင်တည်း လုပ်မှာပါ” ဟု ပြောသည်။ ကွင်းပတ်ဝန်းကျင်းတွင် LED များဖြင့် ဘောလုံးပွဲ တိုက်ရိုက်ပြသည့် အစီအစဉ်ကို ပြီးခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ လက်ခံကျင်းပစဉ်က မြန်မာယူ-၂၂ နှင့် မလေးရှားယူ-၂၂ တို့ အဆုံးအဖြတ် ပွဲအဖြစ် ကစားသည့် ပွဲတွင် သုဝဏ္ဏကွင်း၌ ပြသခဲ့ဖူးသည်။

Myanmargoal.com

No comments:

Post a Comment