Monday, December 2, 2013

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ မြေအောက်ထပ် ကားပါကင်မှာ ယနေ့ည ၇ နာရီခွဲခန့်က ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့ရှိ


မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ မြေအောက်ထပ် ကားပါကင်မှာ ယနေ့ည ၇ နာရီခွဲခန့်က ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့ရှိခဲ့ပါတယ်။
ည ၈ နာရီခန့်မှာ ရဲတပ်ဖွဲ့နဲ့ အမှတ် ၉၁၀ က မိုင်းရှင်းလင်းရေးတပ်ရောက်လာပြီး သဲအိတ်တွေဖုံးအုပ်ကာ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။

စစ်ဆေးရာမှာ အရှည် ၃လက်မ လုံးပတ် ၁လက်မခွဲ ရှိ သတ္တုချောင်းကို ဒီဂျစ်တယ်နာရီနဲ့တွဲထားတဲ့ပစ္စည်းဖြစ်ကြောင်းတွေ့ရှိရပြီး ည ၉နာရီ ၁၅ မိနစ်အချိန်မှာ အမှတ် ၉၁၀ မိုင်းရှင်းလင်းတပ်ကုတွေ့ရှိပစ္စည်းကို ထပ်မံစစ်ဆေးဖို့ ယူဆောင်သွားတယ်လို့သတင်းရရှိပါတယ်။
ယခုအခါ ဒိုင်းမွန်းပလာဇာ အနီးတစ်ဝိုက်ကို လုံခြုံရေးတွေစောင့်ကြပ်နေပါတယ်။


The Modern News Journal

No comments:

Post a Comment