Sunday, October 27, 2013

Though Form (အတွေးပုံရိပ်-သို့မဟုတ်--စိတ်ကူးဖြင့်ပုံဖော်ဖန်တီးယူခြင်း...)


ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးမိသော မကောင်းဆိုးဝါးများ....

ကျွန်တော်တို့ လူသားတွေမှာ ကျွန်တော်တို့ကိုယ်တိုင်ကမသိပဲနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးသလို
လူသားတွေရဲ့စိတ်စွမ်းအားနဲ့ ဖန်တီးယူခဲ့မိတဲ့ မကောင်းဆိုးဝါးတွေ အကြောင်းကိုကျွန်တော်

ဥာဏ်မှီသလောက်လေးပြောပြချင်ပါတယ်..။ အမှားအယွင်းရှိခဲ့ရင်လည်း

ခွင့်လွှတ်ပေးဖို့ဦးစွာပထမတောင်းပန်ချင်ပါတယ် ခင်ဗျာ.....။

ကြက်ဥနဲ့ပေါက်ရင် ခုနှစ်ရက်အတွင်းသေတယ်....လို့ ကချင်တောင်တန်းဒေသက

ရွာလေးတစ်ရွာမှာ အယူရှိတယ်ဗျ..။ကြက်ဥနဲ့တမင်ရည်ရွယ်ပြီး ပေါက်တာကိုပြောတာနော်...။

ဘယ်နေရာကိုထိထိသေတယ်တဲ့ဗျ..။အဲ့ဒီဒေသကလူတွေဟာ

လူတစ်ယောက်ကိုကြက်ဥနဲ့ပေါက်တယ်ဆို ရင်အဲ့ဒီပေါက်တဲ့သူကို

လူသတ်မှု့နဲ့အပြစ်ပေးလေ့ရှိတယ်...။ တကယ်လည်းသေပါတယ်..။ မြေပြန့်ဒေသ

ကကျောင်းဆရာတစ်ယောက်ဟာ အဲ့ဒီရွာလေးမှာ စာသွားသင်ပေးရင်းနဲ့ ရွာသားတစ်ဦးနဲ့

စကားများရန်ဖြစ်ပြီး ကြက်ဥနဲ့အပေါက်ခံလိုက်ရတယ်ဗျ..။ အဲ့ဒီကျောင်းဆရာဟာ

မြေပြန့်ဒေသကလူပီပီ အဲ့ဒီရွာဓလေ့ကြက်ဥနဲ့ပေါက်ရင် သေတယ်ဆိုတာမယုံကြည်သူပီပီ

အမှု့မထားဖူးပေါ့ဗျာ...။ တစ်ရက်လောက်လဲကြာရော

အဲ့ဒီကျောင်းဆရာလေးအပြင်းအထန်ဖျားပါတော့တယ်..။ ဘာဆေးသောက်သောက်မသက်သာဖူး..။

တစ်ကိုယ်လုံးပူခြစ်ပြီး ရေတောင်မသောက်နိုင်ပါဘူး ...။မျိုကိုမချနိုင်တော့တာ....။ အဲ့ဒီလိုနဲ့

နှစ်ရက်လောက်လဲ ကြာရော နားလည်တဲ့နတ်ဆရာကြီးတစ်ယောက်နဲ့တွေ့ပြီး နတ်ဆရာက

"မင်းရောဂါက ဒီဒေသရဲ့ နတ်ကျိန်စာမိနေပြီ...ဒီဒေသကနေလွှတ်အောင်ထွက်သွားမှ

မင်းရောဂါကောင်းမယ်လို့ ဆိုတယ်" ကျောင်းဆရာကမယုံကြည်ပေမယ့် သေမတတ်ခံစားနေရပြီမို့

ဟုတ်လို့ဟုတ်ငြား နေ့တွင်းချင်းပဲ ထမ်းစင်နဲ့ တောင်အောက်ကို ဆင်းရှာတယ်...။
တောင်အောက်လည်းရောက်ရောနည်းနည်းသက်သာတယ်တဲ့ဗျ...။

လမ်းတွေဘာတွေတောင်နည်းနည်းလျှောက်နိုင်လာတယ်....။ အဲ့ဒါနဲ့ အားတက်ပြီး...ချက်ချင်း

တောင်အောက်က ကားနဲ့အနီးဆုံးမြို့တစ်မြို့ကိုသွားလိုက်တာ...

ချက်ချင်းလူကောင်းပကတိပြန်ဖြစ်သွားပါတယ်...။

အဲ့ဒီအဖြစ်အပျက်မှာ နားလည်တဲ့သူကိုမေးကြည့်လိုက်တော့ အဲ့ဒီဒေသကလူတွေဟာ

ကြက်ဥနဲ့ပေါက်ရင်သေတယ်ဆိုတာကို ဘိုးစဉ်ဘောင်ဆက်နက်နက်ရှိုင်းရှိုင်းလက်ခံထားကြတဲ့ will

power တစ်ခုဖြစ်တည်ပြီး... ကြက်ဥနဲ့ပေါက်ခံရတယ်ဆိုတဲ့သူတိုင်းဟာ

ခုနှစ်ရက်အတွင်းသေတာပါတဲ့....။ အဲ့ဒါမျိုးကို အနောက်နိုင်ငံတွေမှာ Thought Forum

ခေါ်တယ်တဲ့..။
အဲ့ဒီဒေသကဖြစ်ရပ်ဟာ အစပိုင်းမှာတော့ ဥပဒါဏ်ကြောင့်ဥပါဒ်ရောက်တဲ့အဖြစ်ပါ...။နောက်တော့

လမိုင်းလို့ခေါ်တဲ့ မကောင်းဆိုးဝါး တွေကပါ အဲ့ဒီ စိတ်အပေါ်မှာ အခြေတည်ပြီး

ကြက်ဥနဲ့ပေါက်ခံရတဲ့သူတွေကိုဖမ်းစားခွင့်

ပါမစ်ရထားသလိုကောင်းကောင်းကြီးဖမ်းစားနိုင်သွားတဲ့အဖြစ်ပါ.....။

နောက်ထပ်လည်း Thought Form အကြောင်းတင်ဆက်ပါဦးမယ်...။
နားဦးမယ်ကွယ်..................။

Admin:မိုးတိမ် ပုံပြင်(ဖန်တီးတင်ဆက်မှု့)
Credit:သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

No comments:

Post a Comment