Monday, October 14, 2013

မသင်္ကာဖွယ်ရာ အတာချီကေ့

 မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့် အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွင်၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်
ရန်ကုန်-အောက်တိုဘာ၁၅

ယနေ့နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ
ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်ပြီး အိတ်ထဲတွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှရဲမှူးဦးဝင်းကြည်က ပြောသည်။
စည်ပင်ကတွေ့ပြီးရဲကို အကြောင်းကြားလိုက်တာပါဟု ရဲတပ်ဖွဲ့တစ်ဦးကပြောသည်။
အနီးနားရှိကွမ်းယာဆိုင်မှ ဈေးသည်က ကျွန်တော်သိတောင်မသိပါဘူး .လူတွေအုံလာမှသိတာဟု ပြောသည်။
၇န်နိင်
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
Popular Myanmar News Journal

No comments:

Post a Comment