Friday, October 18, 2013

မန်ချက်စတာယူနိုက်တက် - ဆောက်သမ်ပ်တန် ပွဲမတိုင်မီ ထူးခြားချက်များ


ပရီးမီးယားလိဂ် ပွဲစဉ် ၈ ဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန်အသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ် မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ စာရင်းများနှင့် ထူးခြားချက်များကို တင်ပြအပ်ပါသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ရောဘင် ဗန်ပါစီဟာ ဟော်လန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သော်လည်း ခြေသလုံး ကြွက်သား ဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပေ။ တွမ် ကလဲဗားလေးကိုလည်း စောင့်ကြည့်ရအုံးမည် ဖြစ်သလို ရီယို ဖာဒီနန်ကတော့ ပေါင်ခြံဒါဏ်ရာမှ သက်သာလာပြီ ဖြစ်သည်။

ဆောက်သမ်ပ်တန် ဂိုးသမား အာတာ ဘော်ရစ်ဟာ ပိုလန်အသင်းအတွက် နိုင်ငံလက်ရွေးစင် ပွဲစဉ်မှာ တံကောက်ကြော ဒါဏ်ရာကြောင့် လွဲချော်ခဲ့သော်လည်း ယခုပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေသည်။ နောက်ခံလူ လုခ် ရှော ဟာလည်း အင်္ဂလန် ၂၁ နှစ်အောက် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး အဖျား ဝေဒနာကြောင့် လွဲချော်ခဲ့သည်။ ယခုပွဲစဉ်မှာတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သည်။

☻ ထိပ်တိုက်တွေ့ဆုံမှု အရ၂၀၀၃ ခုနှစ်နောက်ပိုင်းတွေ့ဆုံခဲ့သည့် ၈ ပွဲမှာ မန်ယူနိုက်တက်အသင်းက ၈ ပွဲစလုံး အနိုင်ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ် သြဂုတ်လတုန်းက ဂျိန်းစ် ဘီတီ၏ သွင်းဂိုးတစ်ဂိုးဖြင့် ဆောက်သမ်ပ်တန်အသင်းက အနိုင်ရခဲ့သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ လာရောက် ကစားရသည့် နောက်ဆုံး ၁၈ ပွဲ နိုင်ပွဲ မရခဲ့ပဲ ၂ ပွဲသရေ ၁၆ ပွဲ ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး သရေကျခဲ့သည့် ပွဲစဉ်မှာ ၁၉၉၉ ခုနှစ်က ဖြစ်ပြီး ၃-၃ ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်း အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတုန်းက ဖြစ်ပြီး ထိုစဉ်က ၀-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

☻ ၁၉၉၂ ခုနှစ်ကလည်း အက်ဖ်အေဖလား စတုတ္ထအဆင့် မှာ တွေ့ဆုံခဲ့ဖူးပြီး ဆောက်သမ်ပ်တန်အသင်းက ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ဖူးသည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးပွဲ မတွေ့ခဲ့ဖူးပေ။ ထိုစဉ်က အာဆင်နယ်အသင်းနှင့် မစ်ဒယ်ဘရော့ အသင်းကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

☻ ပြီးခဲ့သည့် ဘောလုံးရာသီမှ စတင် ရေတွက်လျှင် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ပက်ထရစ် အီဗရာဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးမှု အများဆုံး ပြုလုပ်ထားနိုင်သည့် နောက်ခံကစားသမား တစ်ဦး ဖြစ်ပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

☻ ယူနိုက်တက်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း သွင်းဂိုး ၃ ဂိုးသာ ရှိပြီး ယူနိုက်တက်ထက် အိမ်ကွင်း သွင်းဂိုးနည်းသည့် အသင်းအဖြစ် စတုတ် (၂ ဂိုး) တစ်သင်းတည်းသာ ရှိသည်။

☻ မန်ယူနိုက်တက်အသင်းဟာ ပွဲထွက် ကစားသမားအဖြစ် ယခုနှစ် ပရီးမီးယားလိဂ်မှာ ကစားသမား ၂၄ ယောက်အထိ အသုံးပြုခဲ့ပြီး အရေအတွက် အများဆုံး အသင်းဖြစ်သည်။

☻ ပယ်နယ်တီသွင်းဂိုးများကို မတွက်ချက်ပါက တိုက်စစ်မှူး ဗန်ပါစီဟာ နောက်ဆုံး ကစားခဲ့သည့် ၁၈ ပွဲမှာ ၄ ပွဲသာ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

☻ ဆောက်သမ်ပ်တန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခံစစ် အကောင်းဆုံး အသင်းဖြစ်ပြီး ပေးဂိုးမရှိ ကစားနိုင်ခဲ့သည့် ပွဲပေါင်း ၅ ပွဲအထိ စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး ၂ ဂိုးတည်းသာ ပေးထားရသည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် ၁၉ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့သည်။

Football Café

No comments:

Post a Comment