Tuesday, October 15, 2013

ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေ

"မုံရွာမြို့သို့အဝေးသင်တက္ကသိုလ်ကျောင်းသား/သူ များ စာမေးပွဲဖြေရန် အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးများ အရောင်း သွက်နေသည် ဟု ဆေးအရောင်းဆိုင်မှ ၀န်ထမ်းတစ်ဦး မှ ပြောဆို "

မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြ ရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေး နှင့် ကွန်ဒုံးတွေ အများဆုံးရောင်းချရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေး တစ်ဦး မှ သလ္လာဝတီတိုင်းမ်ကိုပြောကြားခဲ့ပါသည်။

" ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည် တည် ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။ အ၀ယ်များတာကတော့ အရစ်တွေ ဗြုတ်တွေ ပါတဲ့ ကွန်ဒုံးကိုပို ပြီးဝယ်ယူကြတာများကြပါတယ်။

တစ်ခါတစ်လေ ကျောင်းသူ ရော ကျောင်းသားပါ အတူတူလာဝယ်ကြ တာတွေ ရှိတယ်။အဲဒီလို စုံတွဲလာပြီဆိုရင်တော့ ပဋိသန္ဓေတားဆေးကို ၀ယ်ယူတာများတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးကို ပိုပြီးဝယ်ယူကြတာ များပြားပါတယ်။" လို့ မုံရွာမြို့ ဆေးအရောင်းဆိုင်ကြီးတစ်ဆိုင်မှ ၀န်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

Credit > ThanLarWaddy Times

No comments:

Post a Comment