Monday, October 14, 2013

ရန်ကုန်မြို့ Trader Hotel တွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ


ရန်ကုန်မြို့ Trader Hotel တွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။ယခုအခါ ဟိုတယ်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှုပ်ထွေးနေပြီ ထိခိုက်မှုသတင်းကိုမသိရသေးပါ။ဟိုတယ်အရှေ့လမ်းမထက်တွင် မှန်ကွဲစများ ပျံကျဲနေပြီ သတင်းမီဒီယာများမှလဲ ရောက်ရှိလာကြပြီဖြစ်ကြောင်းသတင်းရရှိပါသည်။


ဟိုတယ် ၅လွှာမြောက်မှ မှန်ကွဲစများ ဆူးလေဘုရားလမ်းပေါ် ပြန့်ကြဲကျလာကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးမှ သတင်းပေးပို့ပါသည်။


ဟိုတယ်၏ အခန်းတစ်ခုထဲတွင် အမေ ရိကန် နိုင် ငံ သူ တစ် ယောက် ဒဏ်ရာများဖြင့်လဲကျနေပြီ အသက်အန္တရယ်စိုးရိမ်ရကြောင်းလဲသိရသည်။

:ကုန်သည်ကြီးများဟိုတယ် ၉လွှာရှိ အခန်းအမှတ် ၉၂၁တွင်

အောက်တိုဘာ ၁၅ရက် မနက် ဝဝး၁၁ နာရီတွင် ဗုံးပေါက်ကွဲခဲ့ရာ တည်းခိုနေထိုင်သော အမေရိကန်နိုင်ငံသား ကလေးနှစ်ဦးနှင့် လူကြီးနှစ်ဦးအနက် အသက် ၄၃နှစ်အရွယ် အမျိုးသမီးမှာ ဝဲပေါင်၊ တင်ပါးနှင့် လက်ဖျံတို့တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။အိမ်သာအတွင်း ပေါက်ကွဲခဲ့သောဗုံးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လုံခြုံရေးအရာရှိများက အတည်ပြုချက်များ မပေးနိုင်သေးပေ။

trader 12:27
Kamayut Media

No comments:

Post a Comment