Thursday, October 10, 2013

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား မဟုတ်


ပုဒ်မ(၁၆)တွင် “နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် (သို့မဟုတ်) မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံကူးလက်မှတ် (သို့မဟုတ်) အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်” ဟု အတိအကျ ဖော်ပြထားပါသည်။ ဖော်ပြထားသော တည်ဆဲဥပဒေသည် အလွန်တရာ ပြတ်သား လှပေသ ည်။ ထို့ကြောင့် ဒေါ်စုကြည်သည် မြန်မာနိုင်ငံသား မဟုတ်တော့ ဘဲ ဗြိတိသျှ သစ္စာတော် ခံ ဗြိတိ သျှနိုင်ငံ သား ဖြစ်နေကြောင်း ထင်ရှားနေပါသည်။


ဒေါ်စုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပါသည်။ သို့ရာတွင် (၁၉၆၀) ပြည့်နှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ အိန္ဒိယသို့ လိုက်ပါသွားပါသည်။ ထိုစဉ်က ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါသည်။ ထို့နောက် ဒေါ်စုကြည်သည် ပညာသင်ကြားရန် အကြောင်းပြ၍ အင်္ဂလန်သို့ ထွက်ခွာသွားရာ သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကို ပြောင်းလဲရယူ သွားပါသည်။

(၃၁-၁၂-၇၁) ရက်နေ့တွင် ဒေါ်စုကြည်သည် ဗြိတိသျှနိုင်ငံသား MR. MICHEAL VIALLANCOURT ARIS နှင့် လန်ဒန်မြို့ ဗြိတိသျှနိုင်ငံ (၁၉၄၉)ခုနှစ် လက်ထပ်ထိမ်းမြားမှု ဥပဒေအရ ကင်စတန်မှတ်ပုံတင်ရုံး၌ လက်ထပ်ခဲ့ပါသည်။ ဤကဲ့သို့ လက်ထပ်ထိမ်းမြားမှုကို မြန်မာနိုင်ငံသားတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း လန်ဒန်ရှိ မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားခဲ့ခြင်း လုံးဝမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့နောက် (၁၂-၄-၁၉၇၃)ရက်နေ့တွင် လန်ဒန်မြို့၌ သားကြီး ALEXANDER JOHN CHRISTOPHER ARIS မွေးဖွားခဲ့ပြီး (၂၄-၉-၁၉၇၇) ရက်နေ့တွင် သားငယ် DANNIAN KIM ARUNDEL ARIS တို့ကို မွေးဖွားခဲ့ပါသည်။ သို့ရာတွင် လန်ဒန်မြို့ မြန်မာသံရုံးသို့ သားသမီး မွေးဖွားမှုပုံစံ ဖြည့်စွက်၍ တစ်စုံတစ်ရာ လျှောက်ထားခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ထို့အတူ ဒေါ်စုကြည်သည် လန်ဒန်ရှိ မြန်မာသံရုံးနှင့် ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရပါသည်။ စာရေးသူကိုယ်တိုင် လန်ဒန်မြို့၌ နေထိုင်ခဲ့ဖူး၍ ၎င်း၏အကြောင်းကို ကောင်းစွာ သိပါသည်။

သိသရွေ့ ရေးသားရန် မသင့်ပါသဖြင့် တည်ဆဲဥပဒေအရသာ တင်ပြလိုပါ သည်။ မြန်မာနိုင်ငံသား တိုင်း သည် မည်သည့်နိုင်ငံသို့မဆို ရောက်ရှိလျှင်ရောက်ရှိခြင်း မြန်မာသံရုံးသို့ သတင်းပို့ရမည် ဟု နိုင်ငံကူးလက်မှတ်၌ ဖော်ပြထားပါသည်။

ဒေါ်စုကြည်သည် မြန်မာသံရုံးရှိသည့် နိုင်ငံများသို့ ရောက်ခဲ့လင့်ကစား မြန်မာသံရုံးသို့ သွားရောက်သတင်းပို့ရန် မဆိုထားဘိ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း သတင်းပို့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဒေါ်စုကြည်သည် မိမိဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းကို မိခင်မြန်မာနိုင်ငံသံရုံးများသို့ ပေးသွင်းရမည်ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ပေးသွင်းခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ သို့သော် ဒေါ်စုကြည်သည် အိန္ဒိယနိုင်ငံရှိ INDIAN INSTITUTE OF ADVENANCED STUDY ၌ သုတေသနအရာရှိ (RESEARCH FELLOW)အဖြစ် လုပ်ဆောင်စဉ်က ဒေလီရှိ အင်္ဂလိပ်သံရုံးသို့ ဝင်ငွေခွန် ရူပီး (၁၆၈၂၁၅) အား ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ဤသည်ကို ထောက်ရှုခြင်းဖြင့် ဒေါ်စုကြည်သည် “ဗြိတိသျှနိုင်ငံ သား” ဖြစ်နေကြောင်း ပေါ်လွင် ထင်ရှားပါ သည်။ ဗြိတိသျှနိုင်ငံသည် ၎င်း၏ တည်ဆဲဥပဒေအရ နိုင်ငံကူးလက်မှတ်ကို နှစ်နိုင်ငံ ကိုင်ဆောင်ခွင့် ရှိပါသည်။ မြန်မာနိုင်ငံ၏ (၁၉၈၂)ခု မြန်မာနိုင်ငံသား ဥပဒေပုဒ်မ(၁၆)တွင် နှစ်နိုင်ငံ နိုင်ငံသားဖြစ်မှုကို လုံးဝ ခွင့်မပြုကြောင်း တွေ့ရှိရပါသည်။

Myanmar Headline News

2 comments:

  1. မိတ်ဆွေရေးထားတဲ့ ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြားနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ယူသွားတယ်လို့ မဖော်ပြထားပါဘူး။ မြန်မာနိုင်ငံကနေ အပြီးထွက်သွားတယ်လို့လည်း မပြောထားပါဘူး။ ဒါဆိုရင် ပုဒ်မ(၁၆)နဲ့ မငြိပါဘူး။

    ReplyDelete
  2. if this new is right ,she will not be president at 2015.

    ReplyDelete