Wednesday, October 9, 2013

Samsung မှ ကမ္ဘာ့ပထမဆုံး ကွေးညွတ်မျက်နှာပြင်နှင့် ဖုန်းထုတ်လုပ်


Samsung က ဒီနေ့ပဲ ကွေးညွတ်မျက်နှာပြင် အသုံးပြုထားတဲ့ စမတ်ဖုန်းကို ကြော်ငြာလိုက်ပါတယ်။ ဒီဖုန်းက Galaxy Round လို့ ခေါ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ပြီး မျက်နှာပြင်ကို ကွေးညွတ်ထားတာကလည်း အံ့သြဖို့ ကောင်းတယ်။

Design
၅.၇ လက်မရှိပြီး 1080p HD အရည်အသွေးထွက်ရှိပါတယ်။ Android 4.3 ကို အသုံးပြုထားပြီး Note 3 မျက်နှာပြင်မှာ လုပ်နိုင်သမျှလုပ်နိုင်တယ်လို့ သိရပါတယ်။

မျက်နှာပြင်က သိသိသာသာကြီးကို ကွေးညွတ်နေပြီး Feature အသစ်တွေအဖြစ် roll effect နဲ့ gravity effect ဆိုပြီး ထည့်သွင်းထားပါတယ်။ အဲဒီ effect တွေရဲ့ အားသာချက်ကတော့ Screen ကိုတောင် unlock လုပ်စရာမလိုပဲ အချိန်တွေ၊ အချက်အလက်တွေ၊ သီချင်းတွေကို နားဆင်ခံစားဖို့လို့ သိရတယ်။

Camera
Round ရဲ့ ကင်မရာက S4 နဲ့ Note 3 မှာလိုပဲ 13 megapixel ဖြစ်တယ်။ အရှေ့ကင်မရာကတော့ 2MP ပါ။

Performance
Processor ကို ထူးထူးခြားခြားနဲ့ 2.3 GHz MSM 8974 quad-core ကို အသုံးပြုထားပြီး 32GB နဲ့ စလာမှာဖြစ်တယ်လို့သိရတယ်။ RAM ကတော့ 3GB ပါ။

Battery
Battery ကတော့ 2800 mAh ရှိတယ်။

ဈေးနှုန်း
လက်ရှိအချိန်မှာ Galaxy Round ကို ကိုရီးယားအတွက်ပဲ ထုတ်လုပ်ထားပြီး ကမ္ဘာ့ဈေးကွက်အကုန်လုံးကို မဖြန့်သေးဘူးလို့ Samsung က ပြောထားပါတယ်။ Samsung ကတော့ တစ်ကမ္ဘာလုံးအတွက် Coming Soon ပါတဲ့။

No comments:

Post a Comment