Wednesday, October 9, 2013

လင်မယားချင်းစကားများရန်ဖြစ်

လင်မယားချင်းစကားများရန်ဖြစ်စဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး ရန်ကုန်၊ အောက်တိုဘာ ၉ ၈.၁၀.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာနေ ကိုစိုးဝင်း၊ (ဘ)ဦးလှငွေနှင့် ၎င်း၏ဇနီးဖြစ်သူ မသန်းသန်းကြည်၊ (ဘ)ဦးကြည်ဝင်းတို့သည် နေအိမ်တွင် စကားများရန်ဖြစ်ကြစဉ် မသန်းသန်းကြည်မှ ဓါးဖြင့်ထိုး၍ ကိုစိုးဝင်းတွင် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် မသန်းသန်းကြည်အား အရေးယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးမှူးမှ တိုင်တန်းခဲ့၍ မှော်ဘီမြို့မရဲစခန်း(ပ)၅၈၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ သက်သေခံပစ္စည်းသိမ်းဆည်းပြီး တရားခံအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment