Sunday, October 27, 2013

ဒေ၀ါလီအကြို ရန်ကုန်လာကြမယ့် အိန္ဒိယက အထင်ကရများ


လာမယ့် သောကြာနေ့ ညနေပိုင်း ရန်ကုန်မှာ ဒေ၀ါလီ အကြို ဖျော်ဖြေရေးပွဲကြီးတခု ရှိပါတယ် တဲ့။

ဒေ၀ါလီပွဲ သို့မဟုတ် ဒီပါဝလီပွဲအကြို လာရောက် ဖျော်ဖြေမယ့်သူများထဲမှာ အိန္ဒိယက ထင်ရှားတဲ့ ဂီတလောကသမားတချို့ ပါဝင်ပါတယ်။

ဟိန္ဒိ၊ တမီလ်၊ တီလ်ဂူ၊ ဘိုဂ်ျပူရီ ရုပ်ရှင်သီချင်း အက အလှများ၊ ဟဒယရွှင်ဆေးများနဲ့ တင်ဆက်မယ်လို့ ဆိုထားပါတယ်။
(အပေါ်ကပုံမှာ တွေ့ရတာကတော့ Mei Yang Chang နဲ့ Poorvi တို့ ဖြစ်ပါတယ်။

အဆိုတော် Mei Yang Chang က တရုတ်လူမျိုးပါ။ သို့သော်လည်း အိန္ဒိယမှာမွေးတဲ့သူဖြစ်ပုံရပါတယ်။ ပန်ဂျပ်က အမျိုးသမီးအဆိုတော်  Poorvi   လည်း ပါဝင်ပါတယ်။ တခြား အဆိုတော်များရဲ့ အမည်တွေကို အောက်က ကြော်ငြာမှာ တွေ့ရပါလိမ့်မယ်)




ဝင်ခွင့်လက်မှတ်အတွက် ဆက်သွယ် စုံစမ်းရမယ့် ဖုန်းနံပါတ်တွေလည်း ပေးထားပါတယ်။
လက်မှတ် ရောင်းမယ်လို့ ရေးမထားတဲ့အတွက် အခမဲ့ သွားကြည့်လို့ရမယ့်ပွဲလို့ ယူဆရမလိုပါပဲ။

နေရာက မြို့မကျောင်းလမ်း၊ အမျိုးသားကဇာတ်ရုံမှာဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment