Saturday, November 2, 2013

အမေရိကန် ကို သူလျှို လုပ်ပေးမှု စွပ်စွဲချက် အပေါ် အင်ဒိုနီးရှား က သြစတြေးလျ သံအမတ် ကိုဆင့်ခေါ်






အမေရိကန် ဦးဆောင်သော အာရှ သူလျှို ကွန်ရက်တွင် ဩစတြေးလျ သံရုံးများ ကို အသုံးပြုခဲ့ သည် ဆိုသော သတင်းများ ထွက် ပေါ်ခဲ့ခြင်း အပေါ် အင်ဒိုနီးရှား က ဩစတြေးလျ သံအမတ်ကြီး ကို ဆင့် ခေါ် လိုက်သည်။ အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ကို ဖုန်းခေါ်ဆိုမှု များ နှင့် အချက် အလက်များ ကြားဖြတ် ဖမ်းယူ ရန် အသုံးပြု ခဲ့ကြောင်း၊ ဆစ်ဒနီ မောနင်း ဟာရယ်( ဒ် ) ကဖော်ပြ သည်။ တရုတ် နိုင်ငံ ကလည်း အဆိုပါ စွပ်စွဲချက် များ အပေါ် အမေရိကန် က ရှင်းလင်းချက် ပေးပါရန် တောင်း ဆို လိုက်သည်။

အဆိုပါ သတင်း သည် ဖော် ကောင် အက်ဒဝပ်စနိုးဒန်း ၏ ဖွင့်ချ ခဲ့ သော အမေရိကန် အမျိုးသား လုံခြုံ ရေး အေဂျင်စီ မှတ်တမ်း တစ်ရပ် ကို အခြေခံ ထားသည် ဟု ဆိုသည်။ ယင်း မှတ်တမ်း ကို ဂျာမနီ သတင်းစာ Der Spiegel က ပထမ ဦးဆုံး အနေ ဖြင့် ဖော်ပြ ခဲ့သည်။ ဩစတြေးလျ သံရုံး များမှ တစ်ဆင့် လျှို့ဝှက် ထောက် လှမ်းခဲ့ သောသံရုံးများ တွင် ဂျကာတာ၊ ဗန်ကောက်၊ဟနွိုင်း၊ ပေကျင်း၊ ကွာလာ လမ်ပူနှင့် အခြားသော အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ပါဝင် ကြောင်း ဆစ်ဒနီ သတင်းစာ တွင် ဖော်ပြ သည်။

ဂျကာတာနှင့် ဘာလီရှိ ဩစတြေးလျ သံရုံးများ သည် ဖုန်းခေါ် ဆိုမှု အချက်အလက် များ စုဆောင်း ပေးခဲ့ ကြောင်း အမည် မဖော် လိုသူ ဩစတြေးလျ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးက အောက်တိုဘာ ၃၁ ရက် တွင် ဆစ်ဒနီ သတင်းစာ သို့ ပြောကြား သည်။ ဂျကာတာ အစိုးရ အနေဖြင့် ဩစတြေးလျ က ယင်း ကဲ့သို့ ပြုလုပ် ခြင်း သည် လုံးဝ လက်မခံ နိုင်ကြောင်း ဂျကာတာ ရှိ အမေရိကန် သံရုံးတွင် လည်း ဆက်သွယ် ရေး ကိရိယာများ ထားရှိခြင်း ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ပါ ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး မာတီနာတာရီဂါဝါ က ပြောကြား ကြောင်း ကြေညာချက် တစ်ရပ် တွင် ဖော်ပြ သည်။

BBC

No comments:

Post a Comment