Saturday, November 2, 2013

ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံး သည် ကြားဖြတ် ထောက်လှမ်း သည့် နေရာ တစ်ခု ဖြစ်ကြောင်း စနိုးဒင် ဖွင့်ချ



ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံးသည် အီလက်ထရော နစ် ဆက်သွယ်ရေး ကွန်ယက် အတွင်း ဆက်သွယ်မှု များ ကို ကြားဖြတ် ထောက် လှမ်း သည့် နေရာ တစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ လ ၂၉ ရက်နေ့ ထုတ် ဆစ်ဒနီ မောနင်း ဟာရယ် သတင်းစာ က ရေးသား ခဲ့သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့ နယ်၊ တက္ကသိုလ် ရိပ်သာ လမ်းရှိ အမေရိကန် သံရုံး သည် အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ ( NSA ) နှင့် ဗဟိုထောက် လှမ်းရေး အဖွဲ့ ( CIA ) တို့က တိုက်ရိုက် ကိုင်တွယ် သည့် သတ်မှတ် ၀န်ထမ်း ခန့်ထား ထောက်လှမ်း ရာ အခြေစိုက် စခန်း တစ်ခု ဖြစ်ကြောင်း အင်အက်စ် အေ ( NSA ) ၏ အကြီးအကဲ ဟောင်း ဖြစ်သူ အက်ဒ၀တ် စနိုးဒင် ထံမှ ပေါက် ကြား သည့် မြေပုံ တစ်ခု ကို ကိုးကား ကာ ဆစ်ဒနီ မောနင်း ဟာရယ် သတင်းစာ က ရေးသား ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စခန်းများ သည် တယ်လီ ဖုန်းဆက်သွယ်မှု များ၊ အီးမေးလ် ဆက်သွယ်မှု များနှင့် အခြားအီ လက်ထ ရောနစ် ဆက်သွယ် မှု များ ကို ကြားဖြတ် ထောက်လှမ်း မှုများ ကို ပြုလုပ် ကြောင်း၊ ကမ္ဘာ တစ်ဝှန်းတွင် အလား တူ စခန်း ပေါင်း ၉၀ ရှိပြီး စခန်း ၇၄ ခု တွင် သတ်မှတ် ၀န်ထမ်းများ ခန့်အပ် ထားကာ အဝေးထိန်း စနစ်ဖြင့် ထောက်လှမ်း သည့် နေရာ ၁၄ ခု နှင့် နည်း ပညာပိုင်း ဆိုင်ရာ ပံ့ပိုး ပေး မည့် စခန်း ၂ ခုလည်း ပါဝင် ကြောင်း သိရသည်။

ကြားဖြတ် ထောက်လှမ်း သည့် ကိစ္စကို သိရှိခြင်း မရှိသည့် အတွက် မှတ်ချက် ပေးစရာ မရှိကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေး ဆိုခွင့် ရ ပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ် က ဆိုသည်။ အက်ဒ၀တ် စနိုးဒင် ထံမှ ပေါက်ကြား သည့် အချက် လက်များ တွင် အမေရိကန် ပြည်ထောင်စု သည် ၎င်း၏ မဟာမိတ် နိုင်ငံများမှ အကြီး အကဲများ ၏ ဖုန်းများ ကို လည်း ကြားဖြတ် နားထောင် ခဲ့ကြောင်း ပါဝင် ခဲ့သဖြင့် လွန်ခဲ့သည့် တစ်လမှ စ၍ အကြီး အကျယ် ဝေဖန် ခံနေ ရသည်။

Myanmar Times

No comments:

Post a Comment