Sunday, October 27, 2013

ဂျာမန်ဝန်ကြီးချုပ်ကို အမေရိကန်တို့ စပိုင်လုပ်ခဲ့တယ်လို့ သတင်းထွက်နေ



  အမေရိကန်ကြီးရဲ့ ထောက်လှမ်းရေးတွေက  ဂျာမနီအဓိပတိ မာကယ်လ်ရဲ့ တယ်လီဖုန်းကို ခိုးနားထောင်တာ ကြာပြီ လို့ ယူဆရကြောင်း သတင်းက နိုင်ငံတကာမီဒီယာများမှာ ထိပ်တန်းသတင်းဖြစ်နေပါတယ်။


ဒီအကြောင်း အစပြု ရေးသားလိုက်တာကတော့ ဂျာမန် အပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Der Spiegel  ဖြစ်ပါတယ်။
 အမေရိကန်သည် ဂျာမနီခေါင်းဆောင်ပိုင်းကို အဆင့်မြင့်နည်းပညာတွေသုံးပြီး  ထောက်လှမ်းခဲ့တယ်၊ NSA  အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဝန်ထမ်းတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

အစိုးရရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုပဲ ထောက်လှမ်းတာလား၊ တယ်လီဖုန်းစကားအသေးစိတ်ကို ကြားဖြတ် အသံဖမ်းသလားဆိုတာကိုတော့ အဲဒီ သတင်းမဂ္ဂဇင်းမှာ ရေးမထားပါ။

ဟိုတလောက အိုဘားမား ဂျာမနီ သွားခါနီးအထိ အဲသလို ထောက်လှမ်းရေးလုပ်ခဲ့တာလို့ အဲဒီ သတင်းမဂ္ဂဇင်းက ဆိုပါတယ် တဲ့။

ဒီအကြောင်း နိုင်ငံတကာ သတင်းတွေမှာ ရေးသား ခေါင်းစည်းတပ်ထားကြာတာကတော့ ဒီလိုပါ ...

    မာကယ်လ်ရဲ့ဖုန်း ခိုးနားထောင်တာ အိုဘားမား သိတယ်၊ ခွင့်ပြုခဲ့တယ်လို့ သတင်းထွက်နေ - Fox News
    ၂၀၁၀ ကတည်းက မာကယ်လ်ကို စပိုင်လုပ်တာ အိုဘားမားသိခဲ့ကြောင်း ဂျာမန်မဂ္ဂဇင်း ရေးသား - Reuters
    မာကယ်လ်ကို စပိုင်လုပ်တာ အိုဘားမားမသိကြောင်း အမေရိကန် ပြော -  Deutsche Welle
    အမေရိကန် စောင့်ကြည့်တဲ့အကြောင်း စွပ်စွဲချက်အတွက် အိုဘားမားကို မာကယ်လ် ဖုန်းဆက် -Washington Post (blog)


ဒီသတင်းတွေအတွက် သင့်တော်တဲ့ ဓာတ်ပုံတွေကိုလည်း ယှဉ်တွဲ ဖော်ပြထားကြပါတယ်။
 စပိန်နိုင်ငံ အပတ်စဉ်ထုတ် သရော်စာမဂ္ဂဇင်း အွန်လိုင်း စာမျက်နှာမှာတော့ ဒီသတင်းအတွက် ဖန်တီးထားတဲ့ ပုံတခုကို တင်ထားပါတယ်။


The Irrawaddy

No comments:

Post a Comment