Sunday, October 27, 2013

ထိုဆောင်းတစ်ည


ဇန်နဝါရီလ၏အေးစက်လှသောဆောင်းတစ်ည မြူနှင်းတွေကမသဲမကွဲ နှင့် မှောင်ရီဝိုးတဝါး ညမှာ ဆိုင်ကယ်တစ်စီးက ညရဲ့တိတ်ဆိတ် မှုအမှောင် ထုအား ဆူညံလှတဲ့ စက်သံနဲ့အတူထိုးခွင်းလိုက်သည် . . . အချိန်ကည ၁၁ နာရီဝန်းကျင် . . . ရှမ်းပြည်၏ ဆောင်းအအေးလွန်ကဲမှုက ဝတ်လာ သော ဂျင်းဘောင်းဘီနှင့်လည်သာဂျာ ကင်တို့ပင် မခံနိုင်တော့. . .အရိုးထိအောင် ခိုက် ခိုက်တုန်ချမ်းလှသည် . . သူငယ်ချင်း တစ်ယောက်ဆိုင်ကယ် အက်စီးဒင့် ဖြစ်လို့ ဆေးရုံကိုသတင်းသွားမေးရာမှ ဆေးရုံတွင်မိတ်ဟောင်းဆွေဟောင်း ဘော်ဒါဟောင်းတွေနဲ့တွေ့ဆုံကြ လေရာ ဆိုင်တစ်ဆိုင်မှာ ဝိုင်းကလည်း ကောင်း စကားကလည်းဟောင်း ရှေးဟောင်ဲး့ နှောင်းဖြစ်တွေနှင့် အချိန်တွေ ကုန်မှနိးမသိ ကုန်ခဲ့သည် . . ဝိုင်းလည်းပြီးတော့ ဘော်ဒါတွေကသူတို့ဆီမှာအိပ်ဆိုတာ မအိပ်ပဲ ပေကပ်ပြီးပြန်လာခဲ့သည် . . .မပြန်လို့လည်းမရပါ . .မနက်ဖြန် ဂျူတီရှိသည် မဟုတ်ပါလား. . ဒီလို လမ်းမ ကြီးပေါ်မှာ ငါတစ်ယောက်တည်းပါလား ဟူသောအတွေးတစ်စတို့ဝင်လာမှ ကျောထဲ အထိကျက်သီးမွှေးညှင်းများကစိမ့်ခနဲ . .တစ်ခါတစ်ခါလမ်းဘေးဝဲယာမှ သစ်ပင် ကြီးများက ရှဲခနဲ ရှဲခနဲ ဖြင့် မြင့်မားရှည် လျားလှတဲ့ တ စ္ဆေ ကြီးများ အလား . . မည်မျှပင်သတ္တိ ကောင်းလှသူဆို ပါစေ ဦး . . .အမှောင်ထုမှာ အဖော်မပါ တစ် ယောက်တည်း သွားကြည့်ရင်တော့ အနည်းငယ်တော့ ချောက်ချားမိမှာအမှနိပင် . . .တစ်ခါ တစ်ခါ သစ်ပင်ကြီးများ ကြားက ရိပ်ခနဲ ရိပ်ခနဲ နှင့် တ စ္ဆေကြီးများပြေးလွှားမြူး တူးနေသယောင် . .သောက်လာသော အရှိန်လေးများပင် ကွယ်ပျောက်လာချင်သလိုလိုပင် .မြို့တစ်မြို့ နျင့် တစ်မြို့ကြား အကွာအဝေးက လေးငါး ခြောက်မိုင်ဆိုပေမယ့် . . ကြားမှာ မည် သည့်ရွာမှမရှိ . . .တော်ရုံလူအသွားအလာလည်းမရှိလှ . .ကြိုကြားကြိုကြား ကုန်တင်ကားကြီးများ တစ်စီးစ နှစ်စီးစ . . .အစောကတည်းက ဘော်ဒါတွေစကားနားထောင်ခဲ့ရမှာ . . သို့ပေမယ့်မထူးတော့ . .ခရီးတစ်ဝက် လောက်ကကျိုးနေပြီ . .ခိုက်ခိုက်တုန် အောင် အေးလှသော အရှိန် ကြောင့် ကျွန်တော် ဆိုင်ကယ်အရှိန်ကိုလျှော့ကာ ပုံမှန်လေးမောင်းခဲ့တော့သည် . . လမ်း အကွေ့လေတစ်နေရာအရောက်တွင်တော့ . . .လူတစ်ယောက်အဝေးမှ လက်လေး တပြပြနှင့် မိမိဆိုင်ကယ်အားတားနေသ ယောင် . .ဘုရား . .ဘုရား . .ဒီအချိန်ကြီးဘယ်သူကများ လမ်းမကြီး မှာတစ်ယောက်တည်း . .မဟုတ်မှလွဲ ရော . .ဖွ . .လွဲပါစေ ချော်ပါစေ . . စိတ်ထဲကသာကျိတ်ဆုတောင်းနေ ပေမယ့် ကျက်သီးမွှေးညှင်းများက ဖျန်းကနဲ ဖျန်းကနဲ . . .အဝေးကကြည့်တုန်းက သာ . .ဝိုးတစ်ဝါးနှင့် တဖြည်းဖြည်း နီး လာလေ ဆိုင်ကယ်မီးအရောင်နှင့်ထင်ရှား လာလေ . ဟုတ်ပါသည် ကျွန်တော် အ့မြင်မှာ့းခြင်းမဟုတ်ပါ် . . ကျွန်တော့ ဆိုင်ကယ်အား အမှန်တကယ်ပင်လက်ပြ ကာတားနေသည် .စိတ်ထဲကလည်းရသော ဘုရားစာမှန်သမျှ အကုန်ရေရွတ်နေမိသည် . . ဆိုင်ကယ်ဆက်မောင်း ရင်ကောင်းမလား . .ရပ်းပေးလိုက် ရင် ကောင်းမလားကို ဝေခွဲမရဖြစ်နေသည် . .ထိုသူအနားရောက်တော့ . . အိုး . . .ဘုရားရေ . . . ဒီအချိန်ကြီးကောင်မလေးတစ်ယောက် ပါလား . .မဟုတ်မှလွဲရော . .ဥစ္စာစောင့် လား . . .နာနာဘဝ လား . . .လမ်းမှာက လည်း လူဆိုလို့ သူနဲ့ကျွန်တော်နှစ်ယောက်တည်း . . ဒါမှမဟုတ် ငါ့ကို ဓါးပြ တိုက်ဖို့လား . . စိတ်ထဲဝေခွဲမရဖြစ်နေစဉ် . .ကောငိမ လေးကလမ်းပေါ်သို့တက်လာကာ ဆိုင် ကယ်ရှေ့မှ ပိတ်ရပ်ကာ ဆိုင်ကယ်အား တား လိုက်သည် . . .ကျွန်တော် ဆိုင်ကယ် အားမရပ်ပေးလို့မရတော့ . . .ဆိုင်ကယ် မီးရောင်ရှေ့ဝယ် သေသေချာချာကြည့်မိ တော့ . .အသက်က ကျွန်တော်တို့နှငိ့ မတိမ်းမယိမ်း ရွယ်တူကောင်မလေး . . ထိုမိန်းကလေး၏ ဖြောင့်စင်းသောဆံ ကေသာ. . .ဝိုင်းစက်နေသောမျက်ဝန်း . . ဖြောင့်စင်းသောနှာသံ . . .ပြေပြစ်နုနယ်သောမျက်နှာ . သွယ်လျ သော ခန္ဓာကိုယ်ကို ဂျင်းဘောင်းဘီအနက် နှင့် ကိုးရီးယား ကုတ်တို့က သူမ၏အလှကို ပိုမိုပေါ်လွင်စေသည် . . . အိုး . . .လှလိုက်တဲ့ ကောင်မ လေးပါလား . . မိန်းကလေး၏အလှတွင် တဒင်္ဂ ယစ်မူး နေမှုကြောင့် မိန်းကလေး ပါးလေးတွေ ရှက်သွေ့းဖြာကာ ရဲတက်လာပြီးမျက်လွှာ လေး အောက်ချသွားသည် . . . ပြီးမှ . .

''အကို (- - - )ကို ပြန်မလို့လလားရှင့်''.

''ဟုတ်ပါတယ်ညီမ . .အကို (- - -) ကိုပြန်မလို့ပါ'' . .

''ညီမဆိုင်ကယ် ဟိုဖက်မြို့ အထွက် မှာ ပျက်သွားလို့ . .ဆိုင်ကယ်ထားခဲ့ ရတယ် . . .အဲဒါ ကျွန်မလမ်းကြုံလိုက်လို့ ရမလားရှင့်''. .

ဝဲသဲသဲ အသံအောက်ဝယ် ရိုးသားသော သူမ မျက်ဝန်းတွေက အမှန်တရားကို ဖော်ပြ နေပေသည် . . မိန်း ကလေးစကားပြောပုံ ဆိုပုံ နှင့် ဝတ်စား ထားတာ ကြည့်ရတာ မိကောင်းဖခင် သားသမီးထဲက ဖြစ်မည် . . .လူလူချင်း ပဲ ကူညီကောင်းပါတယိလေ . .အခုလို ညသန်းခေါင်ကြီးမှာမိန်းကလေး တစ်ယောက်တည်းပိုတောင်ကူညီသင့် သေးသည်မဟုတ်ပါလား . . . မတော် လမ်းမှာ မသမာသူတွေနဲ့တွေ့သွားမှ ဖြင့် . . .ဒီလိုနုနယ်လှပသော ကောင်မ လေးဘဝ မတွေးဝံ့စရာ . . . စိတ်ထဲဇဝေ ဇဝါဖြစ်နေတာ တစ်ခုကတော့ လမ်းမှာ တစ်ခြားလူကြုံမတွေ့ဘူးလား . . .သူမ ဘာလို့ အိမ်ကို အကြောင်းမကြားပဲ တစ် ယောက်တည်း အရဲစွန့် ပြန်လာ ရသလည်း .

''ရပါတယ် ညီမလေး . .ဒါနဲ့ညီမကို အကိုဘယ်ကို လိုက်ပို့ပေးရမလည်း'' . .

''မြို့ အဝင်နားက ( - - -) ရပ်ကွက်ကို ပါအကို''. . .

'' သြော် . . .လမ်းသင့်ပါတယ် . .တက်လေ ညီမလေး '' . .

မိန်းကလေး ကျွန်တော့ ဆိုင်ကယ် အနောက်သို့တက်လိုက်သည်ဆိုလျှင် ပဲ မွှေးပျံ့သော အကောင်းစား ရေမွှေး ရနံ့က နှာခေါင်းထဲတိုးဝင်လာ၏ . . ကျွန်တော့နှလုံးခုန်သံများကလည်း စည်းချက်မမှန်ချင်တော့ . . .ကျွန်တော် ဆိုင်ကယ်ကို ဖြည်းဖြည်းမှန်မှန်လေး စထွက်ခဲ့၏ . .ဒီလိုအချိန်မမျိုးဝယ် . . စိတ်မခိုင်သော ယောင်္ကျားတစ်ယောက် သာဆိုလျှင်တော့ မိန်းကလေးဘဝတော့ မတွေးဝံ့စရာ . .

''ညီမနာမည် ဘယ်လိုခေါ်လည်း''

'' နန်းဧ- - - ပါရှင့်''

''သြော်''

''အကို့နာမည် က ရော''

''အကို့နာမည်က စော- - ''. .

''ဒါနဲ့ ညီမရယ် . .အကိုမေးချငိလို့''

''ဟုတ်ကဲ့ . .မေးပါအကို''

''ဒီအချိန်ကြီးဆိုင်ကယ်ပျက်တာများ ညီမရယ် . .အမှောင်ကြီးထဲ လမ်းလျှောက်ပြန်လာရတယ်လို့ . . အိမ်ကို ဖုန်းဆက် အကြောင်းကြားရော ပေါ့ . . . ဟိုဖက်မှာကော အကူအညီ တောင်းလို့မရဘူးလား ''.

''ဟုတ် . .ညီမ အိမ်ကိုဖုန်းဆက်တယ် အကို . .သူတို့ဖုန်းမကိုင်ကြဘူး . . လမ်းမှာကော ဆိုင်ကယ်တွေ တာ့းပြီး အကူအညီတောင်းကြည့်သေးတယ် . .တစ်ယောက်မှမရပ်ပေးကြဘူးလေ . . ဒါနဲ့အိမ်ကိုလမ်းလျှောက်ပြန်လာတာ''. .

''သြော် . .ဒါများညီမရယ်ဟိုဖက်မှာပဲ မိုးလင်းတဲ့အထိစောင့်ပေါ့ . .မိုးလင်းမှ ပြန်လာလည်း ရတဲ့ဟာကို ''

''မရဘူးအကိုရဲ့ . . အိမ်က အဖေနဲ့ အမေက အရမ်းစိတ်ပူတတ်တာ . . အခုတောင် သူတို့တွေေညီမကို စိတ်ပူ ပြီးလိုက်ရှာနေကြမလားမသိဘူး ''. .

''သြော် . .''

''အခုလို အချိန်မှာ ကူညီတဲ့ အကို စော - - ကို အရမ်းကျေးဇူးတင်ပါတယ်. . .အကိုဘယ်မှာ နေလည်း . . ညီမတို့အိမ်ကို နက်ဖြန်လာလည်လေ . အကို့ကိုကျေးဇူးပြန်ဆပ်ချင်လို့ ''

''ကျေးဇူးပါညီမလေး . .အကိုဆက်ဆက် လာခဲ့ပါ့မယ် . .အကိုက (- -)ဆေးရုံ ကလက်ထောက်ဆရာဝန်ပါ . . .''

''သြော်. .တွေ့ရတာ ဝမိးသာပါတယ် အကို . . .နက်ဖြန်ဆက်ဆက်လာလည် ဖြစ်အောင်လာလည်နော် . .''

''စိတ်ချ . . .ညီမလေး''

စကားကလည်းပြောလို့ကောင်း . . တစ်ချကိတစ်ချက်လေအသင့်မှာ . . သူမဆီက မွှေးပျံီ့သောရနံ့ . . တစ်ချက်တစ်ချက် ထိတွေ့မိသော နူးညံ့မှုတို့ကြောင့် သောက်ထားတာလေး တွေ . . . အစောက ကြောက်လန့်မှု နှင့် အအေးဓါတ်တွေ ဘယ်ဆီဘယ် ဝယ်ပျောက်ကုန် သည်မသိ . . တစ် သက်နဲ့တစ်ကိုယ် . .ယခုကဲ့သို့ ချောမော လှပသောမိန်းကလေးနှင့် ယခုလို ဆိုင် ကယ်အတူစီးဖို့ အိပ်မက်ပင် မမက်ဖူး . . ငါကံကောင်းလှချည်လား . . နတ်သမီး လေးနဲ့ ခင်ရချည်သေးရဲ့ . . . အတွေး တွေနယ်ချဲ့ရင်းမြို့အဝင်ကို ရောက်မှန်း မသိ ရောက်လာ၏ . .ဒါမျိုးဆို အချိန် ကလည်း ကုန်မြန်လိုက်တာ . .

''အကို . . .ညီမကို လမ်းထိပ်မှာပဲ ချပေးထားခဲ့တော့အကို . . တော်ကြာ လမ်းထဲကတစ်ယောက်ယောက်မြင် သွားရင် မကောင်းမှာစိုးလို့ပါ . .တစ်မျိုး တော့ . .မထင်နဲ့နော် အကို''

''သြော် . .အင်း . .ဟုတ်ပြီလေ . . ညီမလေး အဆင်ပြေတယ်မဟုတ်လား . ''

''ဟုတ် . . . အဆင်ပြေတယ်အကို''

ကျွန်တော်ဆိုင်ကယ်ကို သူတို့လမ်းထိပ် မှာရပ်ပေးလိုက်သည် . .

''ကျေးဇူးအများကြီးတင်ပါတယ် အကို . . လမ်းရဲ့ အစွန်ဆုံး . .ထောင့်က တိုက် ကညီမတို့ အိမ်ပါအကို. . .နက်ဖြန်လာ လည်နော်အကို . . .စောင့်နေမယ် ''

ု''စိတ်ချညီမလေး . .မလာမှာမပူနဲ့''

ကောင်မလေးပြုံးသွားသည် . .သွားတော့ မယ်နော်ဆိုပြီး နှုတ်ဆက် အကြညိ့လေး က နှစ်ဦးသားရင် ဝယ် ဖော်ပြလို့မရသော ဝေဒနာတစ်ခု . . . .

မနက်မိုးလင်းပြီး ward round ပြီး မနက်စာစားမယ်လုပ်တော့ . . .သူငယ် ချင်း ကျော်ကြီးက .

''ဟေ့ကောင် . .ငစော . . .နေ့ခင်း PM ရှိတယ် . .မင်းသွားမလား . .ငါသွား ရမလား''

''မင်းပဲသွားလိုက်ပါ
သူငယ်ချင်းရာ. . ငါမနေ့ညက အရှိန် အကင်းမသေသေး လို့ ''

''အေးပါကွာ . ရပါတယ် . .ထုံးစံအတိုင်းနော် နက်ဖြန် one table ဟဲ ဟဲ ''

''အေးပါကွာစိတ်ချပါ . . .ဒါနဲ့ PM က ဘာကေ့စ်လည်း ''

''RTAကွ ဆိုင်ကယ်မှောက်တာ . .ပွဲချင်း ပြီးပဲ . . ကောင်မလေးကွ . .သနားပါတယ် ကွာ . . ခေါင်းတစ်ခုလုံးရစရာမရှိဘူး''

''အော် . . .ဖြစ်မှဖြစ် ရလေ . . အော် . . ဒါနဲ့ ညနေ ငါချိန်းထားတာတစ်ခုရှိ လို့ . .ခဏပါ . . ညနေ အဲဒါ ဟဲ ဟဲ . .''

''ဟဲ ဟဲ ရပါတယ်ကွာ . . နက်ဖြန်တော့ one table နော် . .ဟီး ဟီး ''

''စိတ်ချ . .သူငယ်ချင်း ''

ညနေ ကျွန်တေိာ ရေမိုးချိုး ရှိုင်းစမိုင်း ပြီးတော့ နနိးတို့ ရပ်ကွက်ဖက် ဆိုင်ကယ် နဲ့ထွက်ခဲ့သည် . .နန်းတို့ အိမ်နားရောက် တော့ လူတွေတော်တော်စည်လှသည် . . သေချာတာတော့ သူတို့ အိမ်မှာ အလှု ရှိပုံပေါက်သည် . . .သူဒါ့ကြောင့်ငါ့ကို ဆက်ဆက်လညဖို့ခေါ်တာကို . . . အိမ်ရှေ့ လည်းရောက်တော့ . . . .ကျွန်တော့ မျက်လုံးတွေ ဝေဝါးသွား သည် . . . ဟုတ်မှဟုတ်ရဲ့လား . .မယုံ လို့ မျက်လုံးများပွတ်သပ်ကြညိ့မိသည် . . '' မနန်းဧ - - - အသက် (၂၅)နှစ် - - ရက် ည ၁၀း၁၅ အချိန်တွင် ယာဉ်တိုက် မှုဖြင့် ကွယ်လွန်သည်'' . . . ဘုရား . .ဘုရား . . . ကျက်သီးမွှေးညှင်း များ ဗျန်းကနဲ ထသွားသည် . . . မျက်စိများပြာဝေလာသည် . . . ဘာဆို ဘာမှကိုမမြင်တော့ . .ဘာကို မှလည်း မစဉ်းစားနိုင်တော့ . . ဆေးရုံဆီသို့သာ ဆိုင်ကယ်ကို လီဗာ အပြင်းဆွဲပြီး ပြန် ပြေးခဲ့ တော့သည် . . ဆေးရုံ ရောက် တော့ ရေးကြီးသုတ်ပြာနှင့် ကြောက် ရွံ့ ထိတ်လန့် နေသာ ကျွန်တော့အား ကျော်ကြီးက

'' ဟေ့ကောင် . . မင်းဘာတွေဖြစ် လာတာလည်း နှုတ်ခမ်းတွေလည်း သွေးဆုတ်လို့ ''

''ဟေ့ရောင် . . ငါ့ကိုနေ့ခင်းက PM Case လေးပြပါကွာ''

သူက ခေါင်းတကုတ်ကုတ်နှင့် PM Report အားထုတ်ပြသည် . . သေချာပါသည် . . နာမည်ကော အသက်ရော ဘာမှမလွဲ . . . ဓါတ် ပုံထဲတွင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေ သော ကောင်းမလေးက စုတ်ပြတ် နေသော ဂျင်းဘောင်းဘီ အနက်ရောင် လေးနှင့် ကုတ်အင်္ကျီလေး ဝတ်လို့ လောက ကြီးက မရှုမလှ ထွက် ခွါသွားခဲ့ရပေသည် . . . . ။ ။ ။


Credit by Saw Sai Latt
Credit-သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

No comments:

Post a Comment