Saturday, November 2, 2013

အများပြည်သူ သို့ အသိပေး ပန်ကြားခြင်း


၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် တည်ဆောက် ပြီးစီး တော့မည့် ( ၂ x ၁၂၀ )မဂ္ဂါဝပ် ရွာမ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို လက်ခံ ပို့လွှတ် နိုင်ရန် အတွက်၂၃၀ ကေဗွီ လှိုင်သာယာ ပင်မ ဓာတ်အား ခွဲရုံ တွင် ၂၃၀ ကေဗွီ အဝင် ဓာတ်အား လိုင်းများ ပြုပြင် တည်ဆောက်ခြင်း၊ ဓာတ်အား ခွဲရုံတွင် ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း တို့ကို ဆောင် ရွက် ရန် လိုအပ် ပါသည်။

၂။ လှိုင်သာယာ ပင်မ ဓာတ်အား ခွဲရုံ တွင် ဖော်ပြပါ လုပ်ငန်း များ အား ဓာတ်အား ပိတ် ဆောင်ရွက် ရမည် ဖြစ်ပါ၍ အောက်ပါ နေ့ရက် အချိန်များ တွင် ဓာတ်အား ပြတ် တောက်မှု များ ရှိမည် ဖြစ်ပါ ကြောင်း အသိပေး အပ်ပါသည်။

( က ) ဘုရင့်နောင် ပင်မ ဓာတ်အားခွဲရုံ ကို ၂ - ၁၁ - ၂၀၁၃ ရက် ( စနေ နေ့ ) ၀၆း၀၀ နာရီမှ ၃ - ၁၁ - ၂၀၁၃ ရက် ( တနင်္ဂနွေ နေ့ ) ၁၈း၀၀ နာရီ အထိ ဓာတ်အား ပိတ်ထားမည် ဖြစ်ရာ အခြား ဓာတ်အား ခွဲရုံ မှ ဓာတ်အား အစား ထိုး ပေးရမည် ဖြစ်ပါ သဖြင့် မရမ်းကုန်း မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ ရပ်ကွက် တို့တွင် လည်းကောင်း၊ လှိုင် မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရပ်ကွက် တို့တွင် လည်းကောင်း၊ ကမာရွတ် မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ ရပ်ကွက် တို့နှင့် Jnction Center တွင် လည်းကောင်း၊ စမ်းချောင်း မြို့နယ် ဝေဠုဝန် မြောက်၊ မုန့်လက်ဆောင်း ကုန်း ( မြောက် )၊ ကျွန်းလယ် ( တောင် )၊ မြောက် ရပ်ကွက် တို့တွင် လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ် ဗိုလ် စောပု၊ သရက်တော ( တောင် )၊ ( မြောက် )၊ သာဓု အရှေ့၊ အနောက်၊ မကျီးကန် ရပ်ကွက် တို့နှင့် မြို့တော် သတင်းစာတိုက် တို့တွင် လည်း ကောင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု များ ရှိနိုင် မည် ဖြစ် ပါသည်။

( ခ ) လှိုင်သာယာ ပင်မ ဓာတ်အားခွဲရုံ ကို ၃ - ၁၁ - ၂၀၁၃ ရက် ( တနင်္ဂ နွေနေ့ ) နံနက် ၈ နာရီမှ ၁၈ နာရီ အထိ ဓာတ်အား ပိတ်ထား မည် ဖြစ်ရာ လှိုင်သာယာ မြို့နယ်၊ ထန်းတပင် မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက် ကမ်း အေးရွာ၊ ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်၊ တွံတေး မြို့နယ်၊ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ ကျိုက်ထော် မြို့၊ လက်ခုတ်ကုန်း မြို့တို့၌ ၁၀ နာရီကြာ လုံးဝ ဓာတ်အား ပြတ်တောက် နေမည် ဖြစ်သည်။

၃။ ယင်းသို့ ဓာတ်အား ဖြတ်တောက် ၍ လုပ်ငန်း ဆောင်ရွက် ရခြင်း သည် လာမည့် နွေရာသီ ကာလ အတွင်း ရန်ကုန် မြို့တော် နေ အများ ပြည်သူများ ဓာတ် အား ပြည့်ဝစွာ ရရှိရေး အတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ် သည့် လုပ်ငန်း ဖြစ်၍ ဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အား ပြတ်တောက်မှု ကြောင့် လူမှု ရေး အခက်အခဲများ ပေါ်ပေါက် နိုင်မှု အပေါ် အနူးအညွတ် တောင်းပန် ပါကြောင်း အသိပေး ပန်ကြား အပ်ပါသည်။

ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့

No comments:

Post a Comment