အဲ့ဒီတုန်းက ကျနော်က ကလေးငယ်ငယ်လေး တစ်ယောက်အရွယ်ပဲ ရှိပါသေးတယ်။ ကျနော့်
မေမေက နေ့ စဉ် အိမ်မှု ကိစ္စတွေ လုပ်ရင်း တစ်နေ့ တာ အချိန်တွေကို ကုန်ဆုံးတက်တဲ့ အိမ်ရှင်မ တစ်ယောက်ပါ။
ကြာတော့ ကြာခဲ့ပြီ ..။ဒီလိုပဲ ညဦးပိုင်း အချိန်လေးမှာ .. မေမေဟာ မိသားစုအတွက် ညစာကို ပြင်ဆင်ပေးနေခဲ့တယ်။
ကြက်ဥကြော်ရယ် ၊ ၀က်အူချောင်းရယ် ပြီးတော့ တော်တော်ကြီး တူးနေတဲ့ ဘီစကွတ်မုန့် တွေကို ညစာအတွက် မိသားစု စားပွဲဝိုင်းမှာချပေးခဲ့တယ်။ ဘယ်သူများ ဒါကို သတိပြုမိကြမလဲ ဆိုပြီး ကျနော် စောင့်ကြည့်နေခဲ့တာကိုလည်း အမှတ်ရပါသေးတယ်။
ဖေဖေဟာ ဒီမီးကျွမ်းနေတဲ့ ဘီစကွတ်မုန့် တွေကို မြင်သွားတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သလိုပဲ.. မေမေ့ ကို ပြုံးပြလိုက်ပြီး ဒီနေ့  ကျနော် ကျောင်းမှာ ဘယ်လိုလဲ ဆိုတာတွေ မေးနေတာပါ။ အဲ့ဒီညက ဖေဖေ ဘာတွေ ပြောသလဲဆိုတာကို သေချာတော့မမှတ်မိတော့ပါဘူး။ ဘီစကွတ်တွေကို ထောပတ်နဲ့  တို့ ပြီး မိန်ရေ ယှက်ရေ စားလိုက်တာကိုတော့ တွေ့ ပါတယ်။
ဒီလိုနဲ့ ညစာ စားပွဲ အပြီး ကျနော်လည်း ဗိုက်ဝလို့ စားပွဲကနေ ထတော့ မေမေက ဖေဖေ့ကို ဘီစကွတ်မီးကျွမ်းသွားတဲ့ အတွက် တောင်းပန်နေတာကို တွေ့ လိုက်ရတယ်။ ဖေဖေ က မေမေ့ ကို ပြန်ပြောလိုက်တာကို ကျနော် မမေ့ ပါဘူး။
အို အချစ်ရယ်.. ကိုက မီးကျွမ်းနေတဲ့ ဘီစကွတ်ကို ကြိုက်ပါတယ် တဲ့။
ဒီလိုနဲ့ ညပိုင်း ကျနော် အိပ်ရာ ၀င်တော့ ဖေဖေ့ကို အနမ်းလေးပေးပြီး … မေးခွန်းလေးမေးခဲ့တယ်။
ဖေဖေ ဘီစကွတ်မီးကျွမ်းကို တကယ် ကြိုက်တာလား ဆိုပြီးတော့လေ။ ဖေဖေက ကျနော့်ကို လက်မောင်းနဲ့ ပွေ့ ဖက်ပြီး ပြောပြခဲ့တယ်။ သားမေမေက တစ်နေ့ လုံး အိမ်အလုပ်တွေ မနားတမ်း လုပ်နေရတာ..တကယ်ပင်ပန်းပါတယ်။ ဒါပေမဲ့ အဲ့ဒီထက် ဘီစကွတ်ကို မီးကျွမ်းတာလေးနဲ့  ဘယ်သူ့ ကိုမှ စိတ်ထိခိုက်မှု တွေ မဖြစ်စေချင်ဘူးတဲ့ လေ။
ဘ၀မှာ မပြည့်စုံမှု တွေ တော်တော်များများ ရှိပါတယ်။ ပြီးတော့ မပြည့်စုံတဲ့ အရာတွေ မပြည့်စုံတဲ့ လူတွေ ..။ ဥပမာ ချက်ပြုတ်တာ မတော်တာ ဖြစ်ဖြစ် ၊ အရည်အချင်း တစ်ခုခု ချို့ တဲ့တာ ဖြစ်ဖြစ်… လူတိုင်းမှာ ရှိတက် ပါတယ်။ ဒီထဲမှာ နားလည်နိုင်တာ ကတော့ လူတိုင်းမှာ မတူညီမှုတွေ ရှိတဲ့ အတွက် အမှားတွေ လည်း ကိုယ်စီ ရှိနိုင်တယ်။ မတူညီတဲ့ ဟာတွေတွေကိုညှိနှိုင်းပြီး မြင့်တင်ပေးနိုင်ရမယ်။ ဒါဟာ စိတ်ချမ်းသာမှု ၊ ပျော်ရွင်မှု တွေနဲ့  တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေး တွေကို ကောင်းမွန်အောင် ဖန်တီးပေးနိုင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်တဲ့။
credit: လင်းတန်ဆောင်
No comments:
Post a Comment